YOUR CORNER FOR SUCCESS

Big dreams.
One subject
at a time.

ကိုယ့်အနာဂတ်အတွက်
တစ်ဘာသာချင်းစီကနေ စလိုက်ပါ။

GED နဲ့ Pre-GED ကို ကိုယ့်အခြေခံ၊ ကိုယ့်အချိန်နဲ့ ကိုက်ညီအောင် လေ့လာပါ။ StudyCorner နဲ့အတူ အခြေခံကနေ စာမေးပွဲအတွက် ပြင်ဆင်တဲ့အထိ အဆင့်ဆင့် ရှေ့ဆက်ကြမယ်။

လေ့ကျင့်နေရာကနေ ဆက်မယ်
Online One-to-One Group Class Bangkok
GED PROGRAM
FOUR SUBJECTS.
Mathematics Science Social Studies Language Arts
YOUR DAILY LEARNING CORNER

A little practice.
A little more confidence.

ဘာသာတစ်ခုရွေးပြီး မေးခွန်း ၁၀ ခုကနေ စလေ့ကျင့်ပါ။

FREE GED FLASHCARD PRACTICE
1,075 questions4 subjects
My learning hub

အချိန်ကန့်သတ်ချက်မရှိပါ။ အဖြေနဲ့ ရှင်းလင်းချက်ကို ကြည့်ပြီး ကိုယ့်အရှိန်နဲ့ လေ့ကျင့်ပါ။

Short lessons
01 / Find your starting point

ဘယ်နေရာကနေ စချင်လဲ။

အခြေခံပြန်တည်ဆောက်ချင်တာလား၊ GED အတွက် တိုက်ရိုက်ပြင်ဆင်ချင်တာလား။ ကိုယ့်အခြေအနေနဲ့ ကိုက်တဲ့လမ်းကို ရွေးလို့ရပါတယ်။

01BUILD YOUR FOUNDATION

Pre-GED

GED စချင်ပေမယ့် အခြေခံအားနည်းနေသေးတယ်ဆိုရင် ဒီနေရာကနေ စလို့ရပါတယ်။ အခြေခံကို ပိုနားလည်ပြီး GED ဆက်တက်ဖို့ ပြင်ဆင်မယ်။

  • StudyCorner ရဲ့ ကိုယ်ပိုင်သင်ရိုး
  • တစ်လအတွင်း ဘာသာရပ် ၂ ခု လေ့လာမယ့်အစီအစဉ်
  • အခြေခံတည်ဆောက်ပြီး GED ဆက်လေ့လာရန်
START WITH THE BASICS
02FOCUS. PREPARE. MOVE FORWARD.

GED Preparation

လေးဘာသာလုံးကို တစ်ပြိုင်တည်း အလျင်လိုစရာမလိုပါဘူး။ တစ်ဘာသာချင်းစီ အာရုံစိုက်လေ့လာပြီး အဆင်သင့်ဖြစ်တဲ့အခါ စာမေးပွဲဖြေဖို့ ပြင်ဆင်မယ်။

  • Mathematics, Science, Social Studies နဲ့ RLA
  • တစ်ဘာသာကို ပုံမှန် ၁ လမှ ၁ လခွဲခန့်
  • Online One-to-One နဲ့ Group Class ရွေးချယ်နိုင်
ONE SUBJECT AT A TIME
02 / The StudyCorner way

A clear focus.
A little more confidence.

တစ်ဘာသာချင်းစီ လေ့လာတာက ကိုယ်နားမလည်သေးတဲ့နေရာတွေကို အချိန်ပေးနိုင်စေပါတယ်။ အလုပ်တစ်ဖက်နဲ့ သင်ယူသူတွေအတွက်လည်း ကိုယ့်အချိန်နဲ့ ညှိပြီး ရှေ့ဆက်လို့ရပါတယ်။

သင်ယူချိန်က ကျောင်းသားရဲ့ အခြေခံနဲ့ အချိန်ပေးနိုင်မှုအလိုက် ကွာနိုင်ပါတယ်။
01

ကိုယ့်နေရာကို သိမယ်

အခြေခံနဲ့ ရည်မှန်းချက်အကြောင်း အရင်ဆွေးနွေးမယ်။

02

တစ်ဘာသာကို အာရုံစိုက်မယ်

တစ်ခုချင်းစီ နားလည်အောင် အချိန်ပေးလေ့လာမယ်။

03

အဆင်သင့်ဖြစ်မှ ရှေ့ဆက်မယ်

စာမေးပွဲအတွက် ပြင်ဆင်ပြီး နောက်ဘာသာကို ဆက်မယ်။

03 / Explore the four subjects

တစ်ဘာသာချင်းစီမှာ
ဘာတွေ လေ့လာမလဲ။

GED / MATHEMATICAL REASONING

Make numbers make sense.

အဖြေတစ်ခုရဖို့ပဲ မဟုတ်ဘဲ ဘာကြောင့် ဒီနည်းနဲ့တွက်ရလဲဆိုတာ နားလည်အောင် လေ့လာမယ်။ အခြေခံတွက်ချက်မှုကနေ Algebra နဲ့ Graph တွေအထိ တစ်ဆင့်ချင်းစီ ပြင်ဆင်မယ်။

Basic mathematicsAlgebraGeometryGraphs & functions

ကိုယ်အခက်ဆုံးလို့ထင်တဲ့ဘာသာကနေ စလေ့လာချင်ရင်လည်း ဆွေးနွေးနိုင်ပါတယ်။

04 / Classes that fit your life

ကိုယ့်အချိန်နဲ့ ကိုက်တဲ့အတန်း။

တစ်ယောက်တည်း အာရုံစိုက်သင်ယူချင်လား၊ အဖွဲ့နဲ့အတူ လေ့လာချင်လား။ ကိုယ့်ပုံစံနဲ့ကိုက်အောင် ရွေးပါ။

LEARN TOGETHER.

Online Group

250,000 MMK
GED တစ်ဘာသာအတွက် သင်တန်းကြေး

အဖွဲ့နဲ့အတူ လေ့လာရင်း သတ်မှတ်ထားတဲ့အချိန်အတိုင်း ပုံမှန်တက်နိုင်သူအတွက်။ အတန်းအချိန်ကို စုံစမ်းနိုင်ပါတယ်။

LET’S MEET IN PERSON.

Bangkok In-person

Let’s talk.
နေရာ၊ အချိန်နဲ့ သင်တန်းကြေးကို စုံစမ်းပါ

Bangkok မှာ လူကိုယ်တိုင်တက်ချင်သူတွေအတွက်။ ဖွင့်မယ့်အတန်း၊ တည်နေရာနဲ့ အချိန်ကို တိုက်ရိုက်ဆွေးနွေးနိုင်ပါတယ်။

ဖော်ပြထားသောကြေးများသည် GED သင်တန်းကြေးဖြစ်ပြီး စာမေးပွဲကြေးကို မဖော်ပြထားပါ။ Pre-GED ကြေးနဲ့ လက်ရှိအတန်းအချိန်များကို တိုက်ရိုက်စုံစမ်းနိုင်ပါတယ်။

05 / Your next step starts here

ဘယ်အတန်းရွေးရမလဲ
မသေချာသေးဘူးလား။

ကိုယ့်အခြေအနေနဲ့ သင်ယူချင်တဲ့ပုံစံကို ရွေးကြည့်ပါ။ စတင်လို့ရမယ့်လမ်းကို ကြည့်ပြီး StudyCorner နဲ့ ဆက်ဆွေးနွေးနိုင်ပါတယ်။

✧ အရင်ဆုံး အကြောင်းမေးကြည့်လို့ ရပါတယ်။
A STARTING POINT FOR YOU

GED · Online One-to-One

တစ်ဘာသာချင်းစီ အာရုံစိုက်ပြီး ဆရာနဲ့ တစ်ဦးချင်း လေ့လာနိုင်ပါတယ်။ တစ်ဘာသာကို ပုံမှန် ၁ လမှ ၁ လခွဲခန့် ကြာနိုင်ပါတယ်။

350,000 MMK / တစ်ဘာသာ

Telegram မှာ ဆက်ဆွေးနွေးမယ်

A few things you might ask

Good questions.
Clear answers.

GED ကို လေးဘာသာလုံး တစ်ပြိုင်တည်း တက်ရမှာလား။

StudyCorner မှာ တစ်ဘာသာချင်းစီ အာရုံစိုက်ပြီး ပြင်ဆင်နိုင်ပါတယ်။ ပထမဘာသာအတွက် အဆင်သင့်ဖြစ်ပြီးမှ နောက်ဘာသာကို ဆက်လေ့လာမယ့်ပုံစံပါ။ ကိုယ့်အချိန်နဲ့ ရည်မှန်းချက်ကို အရင်ဆွေးနွေးနိုင်ပါတယ်။

အခြေခံအားနည်းနေရင် ဘယ်ကစသင့်လဲ။

Pre-GED ကနေ အခြေခံပြန်တည်ဆောက်ဖို့ စဉ်းစားနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းရဲ့ အခြေခံမတူတဲ့အတွက် ကိုယ့်အခြေအနေကို ပြောပြပြီး ဘယ်အတန်းက သင့်မလဲ အရင်ဆွေးနွေးပါ။

အလုပ်တစ်ဖက်နဲ့ တက်လို့ရလား။

အလုပ်နဲ့အတူ လေ့လာချင်သူတွေက Online One-to-One အတန်းရဲ့ သင်ချိန်ကို ညှိနှိုင်းနိုင်ပါတယ်။ တစ်ပတ်ကို ဘယ်လောက်အချိန်ပေးနိုင်လဲ၊ ဘယ်အချိန်တွေ အားလဲဆိုတာ ပြောပြပြီး စီစဉ်နိုင်ပါတယ်။

တစ်ဘာသာကို ဘယ်လောက်ကြာမလဲ။

ပုံမှန်အားဖြင့် ၁ လမှ ၁ လခွဲခန့် သတ်မှတ်ထားပါတယ်။ ကိုယ့်အခြေခံ၊ စာလေ့လာချိန်နဲ့ အဆင်သင့်ဖြစ်မှုအပေါ်မူတည်ပြီး ကွာနိုင်ပါတယ်။ Pre-GED မှာတော့ ကိုယ်ပိုင်သင်ရိုးနဲ့ တစ်လအတွင်း ဘာသာရပ် ၂ ခု လေ့လာမယ့်အစီအစဉ်ရှိပါတယ်။

ဘယ်လို စုံစမ်းပြီး အတန်းအပ်ရမလဲ။

အပေါ်က အတန်းရွေးတဲ့နေရာမှာ ကိုယ့်အခြေအနေကို ရွေးပြီး စုံစမ်းမယ့်စာကို ကူးယူပါ။ Telegram @studycorner26 ကို ပို့ပြီး သင်ချိန်၊ စတင်နိုင်မယ့်ရက်နဲ့ အပ်နှံပုံကို ဆက်ဆွေးနွေးနိုင်ပါတယ်။

Your corner. Your next chapter.

ပထမခြေလှမ်းကို
အတူတူ စလိုက်ကြမလား။

Pre-GED ကစစ၊ GED ကို ဆက်တက်တက် — မေးချင်တာရှိရင် ပြောပြပါ။